မေတ္တာမြို့၌ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး ပြန်လည်သက်သာကောင်းမွန်ကာ ပုံမှန်လုပ်ငန်း ပြန်လည် ဆောင်ရွက်နေ သူတစ်ဦး၏ ရင်တွင်းစကားသံ

မေတ္တာ စက်တင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ အမှတ်()ရပ်ကွက်တွင် နေထိုင်သော ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြီး ပြန်လည်သက်သာလာသူတစ်ဦး၏ ပြောကြားချက်ရင်တွင်းစကားသံကို တင်ပြပါသည်။

နော်မြအင်အမှတ်() ရပ်ကွက်၊ မင်္ဂလာလမ်းဆုံ၊ မေတ္တာမြို့

ကျွန်မနာမည် နော်မြအင်လို့ခေါ်ပါတယ် အမှတ်()ရပ်ကွက်၊ မင်္ဂလာလမ်းမှာနေထိုင်သူ တစ်ဦးဖြစ်ပါ တယ်။ အသက် (၆၇)နှစ်ရှိပါပြီ။ အသက်ကြီးလာတော့ သားသမီးတွေက ဘာမှမလုပ်ခိုင်း အိမ်ထဲမှာပဲနေပြီး နေ့စဉ်အိမ်အလုပ်တွေ လုပ်၊ စာအုပ်တွေဖတ်၊ မြေးထိန်းရင်းနဲ့ နေထိုင်သူ ဖြစ်ပါတယ်။

အိမ်မှာ မိသားစုဝင်()ဦးနေထိုင်ပြီး  ဘယ်ကနေဘယ်လို ကူးလာမှန်းမသိတဲ့ ရောဂါပိုးဟာ ဩဂုတ် (၁၀)ရက် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး ညမှာပဲ အဖျားနည်းနည်း ဝင်လာ တယ်အဖျားစမှာ ကိုယ်လက်ကိုက်ခဲတယ်နောက်နှာစေးပြီး ချောင်းနည်းနည်းဆိုးတယ်။ ချွဲတွေ ပုံမှန်ထက်ထွက်တယ်။ ချောင်းဆိုရင် နည်းနည်းမောလာတယ်။ ၃ရက်လောက်ကြာတော့ သက်ဆိုင်ရာကို အကြောင်းကြားပြီး ဆာဒိုဝါးဆေးခန်းသွားပြ တော ့ရောဂါပိုးတွေ့တယ်။  ကျွန်မက ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိနေတော့ ဆရာဝန်ညွှန်ကြားချက် အတိုင်း အဲဒီဆေးခန်းမှာပဲ ၈ ရက်ကြာ ဆေးကုသမှုခံယူရပါတယ်။ ဆေးကုသမှုခံယူနေစဉ်မှာ အောက်ဆီဂျင် အနည်းကျပြီး တစ်ရက်ကြာသေးတယ်။ နောက်အစားချင်စိတ်မရှိပဲ ဝမ်းလျောလာတယ်။ ဆေးခန်းထဲ ဆေးကုသမှု ခံယူစဉ်မှာတော့ စိတ်ဓာတ်ကျတာတို့မဖြစ်ဘူး။ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အားပေးနှစ်သိမ့်ပေးခြင်း ကြောင့် များစွာ စိတ်ခွန်အားဖြစ်စေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလည်း လုပ်တယ်၊ ဆေးခန်းမှာ ()ရက်ကြာပြီး ပြန်သက်သာလို့ အိမ်မှာပဲ ဆက်လက်နေထိုင်ပြီး ရောဂါကုသမှုခံယူဖို့ ဆရာဝန်က ဆင်းခွင့်ပေးလိုက်တယ်။ အိမ်မှာနေထိုင်ပြီး ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေသောက်နေရပါတယ်။ အတူနေမိသားစုများထဲက တစ်ယောက်မ ှရောဂါပိုးမတွေ့ပါ ဘူး။ အိမ်မှာ Home Quarantine အဖြစ် (၁၄) ရက် နေထိုင်ရပါတယ်။ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးပါပြီ ဒုတိယအကြိမ်တော့ မထိုးရသေးပါ။ ပိုးတွေ့ပြီး သူကို သီးခြားထပ်ထိုးပေးမယ်သိရတော့ ထိုးခွင့်ရတဲ့အခါထိုးမှာပါ။ အခုတော့ ကျန်းမာရေးက ပုံမှန်ပြန်ဖြစ်နေပြီလို့ဆိုရမယ်။ ဒါပေမယ့် အသက်ကြီးတာရယ် ရောဂါအခံ ရှိတာရယ် ကြောင့် ဂရုစိုက်နေရပါတယ်။ ခုချိန်ထိ ကိုယ်လက်ကိုက်ခဲတာ မပျောက်သေးဘူး။ ရေအေးမချိုးရဲသေးပါ။ ရောဂါပြန်ဖြစ်မှာစိုးရတယ် ဒါက ကိုဗစ်၁၉ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးလို့ ကျွန်မထင်ပါတယ်။ Stay Home နေထိုင်စဉ် ကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းများနဲ့ အလှူရှင်များ ကို ကျေးဇူးတင်ပါတယ်လို့ နော်မြအင်က ပြောပါသည်။

နန်းခလိုက် (မေတ္တာ)