ဘိုကလေး စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်တွင်းရှိ မျိုးစေ့ထုတ်တောင်သူများအား ကွန်ပေါင်းဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်၌ မြို့လယ်ကျက်သရေဆောင် ချိုကြည်သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့်ဌာနဆိုင်ရာများ၊ မျိုးစေ့ထုတ်တောင်သူများတက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ သီးနှံအထွက်နှုန်း တိုးပွားလာစေရေးနှင့် တောင်သူများ၏ လူနေမှုဘဝ မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်ကာ ဓာတ်မြေဩဇာထောက်ပံ့ ပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ မျိုးစေ့ထုတ်လုပ်ငန်းအကြောင်း ရှင်းလင်းတင်ပြဆွေးနွေးကာ မျိုးစေ့ထုတ်တောင်သူ (၈၅)ဦးအား ဧကအလိုက် ကွန်ပေါင်းဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မိုးစက်(ဘိုကလေး)