မြို့သစ်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်

မြို့သစ် စက်တင်ဘာ ၂၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊    မြို့သစ်မြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှလူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ အသက် ၁၆ နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ် တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ရသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၅  ရက်နှင့်  ၂၆ ရက်နေ့တွင်  မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာရှိ အမှတ် (၁၇)ကာကွယ်ရေး ပစ္စည်းစက်ရုံမှ စစ်မှုထမ်းများနှင့်မိသားစုဝင်များအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်း၊  အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကပစ(၁၇)ရှိ အရာရှိ၊ အရာခံ၊  အကြပ်၊  စစ်သည်စစ်မှု ထမ်းများနှင့်တပ်တွင်း မှီခိုသူမိသားစုဝင်များအား အထောက်အထားစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ် များဆောင်ရွက်ပေးခြင်း၊  အိမ်ထောင်စုလူဦးရေစာရင်း  ဟောင်းနွမ်း / ပျက်စီး/ ပျောက်ဆုံး ဆောင် ရွက်ခြင်း၊  မွေးတိုးဆောင်ရွက်ခြင်း၊  သေဆုံးပယ်ဖျက်ခြင်း၊  မြို့နယ်အတွင်း  ရပ်ကွက် / ကျေးရွာ ပြောင်း အိမ်ထောင်စုလူဦးရေ စာရင်းဆောင်ရွက်ပေးခြင်း၊  အခြားမြို့နယ်မှ  မြို့နယ်ပြောင်းပုံစံ(၁၀) မပါဘဲ ရောက်ရှိလာသူများအား သက်ဆိုင်ရာမြို့နယ်သို့ ညှိနှိုင်းအကြောင်းကြားစာပေးပို့ပြီး မြို့နယ် ()ဦး ကော်မတီထောက်ခံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းများကို မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်း များမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးရာ၌  စက်တင်ဘာ ၂၅ ရက်တွင် နိုင်ငံ သားစိစစ်ရေးကတ် ၃၄ ခု၊ စက်တင်ဘာ၂၆ ရက်တွင် နိုင်ငံသားစိစစ်ရေးကတ် ၃၄ ခုနှင့် အိမ်ထောင်စု (၁၁၄)စုအား အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခဲ့ပြီး မြေပြင်သာကျေးရွာ စိတ္တသုခဘုန်း တော်ကြီးကျောင်း၌  ပန်းခင်းစီမံချက်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာ စောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်