နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဘန်းကုန်းကျေးရွာရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေး

နတ်မောက်   စက်တင်ဘာ   ၂၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန်အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် ဘန်းကုန်းကျေးရွာရှိဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက် ()နာရီအချိန်ခန့် က ဘန်းကုန်းကျေးရွာသို့ သွားရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ (က) ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်သူ ကျား() ဦး၊ (၂၁) ဦး စုစုပေါင်း (၂၂)ဦး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ပေးရာတွင် လက်ရှိဒေသ၌ အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ လက်ရှိဒေသသို့တခြားဒေသမှ ပြောင်းရွှေ့နေထိုင်သူ များတွင် မူလဒေသ၌ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအနက် မူလဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေးကတ်များလည်း မရှိသေးသူများအား ဥပဒေနှှင့်အညီဖြေလျှော့မှုများဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုးရုံးအနေဖြင့် ကျန်ရှိနေသည့်ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှုးများနှင့် ပူးပေါင်း၍ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှုးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့် ထံမှ သိရသည်။

သင်းသင်းမြတ်