ကံမမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှု

ကံမ စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများနှင့် အရေးပေါ် လူနာများအတွက် အောက်ဆီဂျင် လုံလောက်စွာရရှိစေရန် အလူရှင် စေတနာရှင်များ၏ လှူဒါန်းထည့် ဝင်ငွေများဖြင့် ဝယ်ယူခဲ့သည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအား ယနေ့နံနက် နာရီက မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းသည် လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက် ပေးနိုင်ရန် အတွက် ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် ၄၀ လီတာဆန့် အောက်ဆီဂျင်အိုး (၈၀) ထုတ်လုပ်ပေးနိုင်မည်ဖြစ်ဖြစ်ရာ မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အရေးပေါ် အောက်ဆီဂျင် လိုအပ်မှုကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)