မြဝတီ စက်တင်ဘာလ ၂၉
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိ ပညာပေးအစီအစဉ်များကို ရိုက်ကူး တင်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့်ကျောင်းများပိတ်ထားသည့်အတွက် ကျောင်းသူ/ကျောင်းသားများနှင့် သားငယ်သမီးငယ်များအတွက် ဗဟုသုတရရှိရန် မြဝတီခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page မှ သုတ၊ရသစာအုပ် မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင်ပြောပြခြင်းအစီအစဉ်များ၊ ကဗျာ ရွတ်ဆိုခြင်းအစီအစဉ်များကို မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်း များက ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)