မြို့သစ် စက်တင်ဘာ ၂၉
မကွေးခရိုင် ၊ မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာသည် အိမ်ခြေနှင့်လူဦးရေများသော ကျေး ရွာဖြစ်သော်လည်း ရွာတွင်းလမ်းများ ကျဉ်းမြောင်းနေသည့်အတွက် သွားလာရေး အဆင်မပြေမှုများ ဖြစ်သည့်အတွက် ရွာပတ် လမ်းခင်းခြင်း လုပ်ငန်းကို တိုင်းဒေသကြီး ပိုလျံငွေဖြင့် ဖောက်လုပ်ခဲ့သည်။
အဆိုပါလေးတိုင်စင်ကျေးရွာ ရွာပတ်လမ်းပိုင်းကို ဖောက်လုပ်ခြင်းအားဖြင့် ကျေးရွာနေပြည်သူများ သွားရေးလာရေး အဆင်ပြေစွာသွားလာနိုင်ခြင်း၊ လေးတိုင်စင် ကျေးရွာ၏ ဝင်ထွက်သွားလာမှု အဆင်ပြေခြင်းနှင့် ကျေးလက်ကုန်ထုတ်လမ်းဟုလည်း ဖောက်လုပ်ပေးထားခြင်းဖြစ်သည်။
အဆိုပါလမ်းဖောက်လုပ်ပြီးစီးပါက ဂွေးတောကျေးရွာ၊ သပြေစမ်းကျေးရွာ၊ သမျှားကျေးရွာ၊ ငါးလုံးဖို ကျေးရွာများ၏ လယ်ယာထွက်ကုန်များကို လွယ်ကူစွာသွားရောက် ရောင်းချနိုင်မည် ဖြစ်သည်။ လေးတိုင်စင် လမ်းပိုင်းကို သြဂုတ်လ ၁၄ ရက်နေ့က စတင်ဖောက်လုပ်ခြင်းဖြစ်ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ကျေးလက်လမ်း ဦးစီးဌာနမှ သိရသည်။
ရွာပတ်လမ်းကို ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ပိုလျံငွေဖြင့် ခွင့်ပြုငွေကျပ် (၂၇.၀၀)သန်းဖြင့်လမ်း အရှည်(၁) မိုင်လမ်းအကျယ်(၁၂)ပေ မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းများကို မြို့သစ်မြို့နယ် ကျေးလက်လမ်း ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါရာ နှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ကိုဇော် (ပြန်/ဆက်)