စလင်းမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနှင့် နွားများတွင် ဖြစ်တတ်သော ပေါင်ပုတ်၊ လက်ပုတ်ကာကွယ်ဆေးအခမဲ့ထိုးနှံပေး

စလင်း စက်တင်ဘာ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေး ဦးစီး ဌာနမှ ခွေးရူးပြန်ရောဂါကာကွယ်ဆေးနှင့် ရေးဘေးသင့် ကျေးရွာများရှိ နွားများကို နွားများတွင် ဖြစ်တတ်သည့် ပေါင်ပုတ်၊ လက်ပုတ်ကာကွယ်ဆေးများကို ယနေ့ နံနက် နာရီအချိန်က ခွေးရူးပြန် ကာကွယ်ဆေးနှင့် နွားများတွင်ဖြစ်တတ်သည့် ပေါင်ပုတ်၊ လက်ပုတ် ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့သည်။

ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာအောင်သူရနှင့် ဝန်ထမ်းများက  မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းများမှ ခွေးများနှင့် ပေါင်းနား ရပ်ကွက်ရှိ ခွေးအကောင်ရေ စုစုပေါင်း(၁၅)ကောင်တို့အား ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်း၊ ဥသျှစ်ကုန်းကျေးရွာအုပ်စုရှိ ရေဘေးသင့်နွား ၁၅၆ ကောင်အား နွားများတွင်ဖြစ်တတ်သည့် ပေါင်ပုတ်၊ လက်ပုတ် ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးခြင်း၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်အချက်များ ထဲမှ တိရစ္ဆာန်ရောဂါ ကုသကာကွယ်ဆေးများ ထုတ်လုပ်ခြင်းနှင့် ရောဂါကာကွယ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းအားဖြင့် မိမိတို့ မွေးမြူထားသော တိရစ္ဆာန်များ အသေအပျောက်နည်းပါးမည်ဖြစ်ကြောင်း ဥသျှစ်ကုန်း ကျေးရွာရှိ တိရစ္ဆာန်မွေးမြူသော တောင်သူများအား အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ ကြောင်း တိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။

မောင်လွင်(စလင်း)