ပိုင်ကျုံ စက်တင်ဘာ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်၁၉ရောဂါကြိုတင် ကာ ကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ(၁၉)ရက်နေ့မှ စတင်ထိုးနှံလျက်ရှိရာ စက်တင်ဘာလ (၂၇)ရက်နေ့ထိ လူဦးရေ(၃၉၂၇)ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၅၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရကျန်ရှိသည့် နိုင်ငံဝန်ထမ်းများ၊ စေတနာဝန်ထမ်းများနှင့် ပရဟိတအဖွဲဝင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအသုတ်(ပထမ)အကြိမ်၌ ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံ သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်းတာပေးခြင်း၊သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများနှင့်ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံနိုင်ရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)