လှိုင်းဘွဲ စက်တင်ဘာ ၂၉
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မသန်စွမ်းဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်းများ ပြသဆောင်ရွက် ထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၊ မသန်းစွမ်းသူများနှင့် သက်ဆိုင်သော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး၊ မသန်စွမ်း သူများနေ့ ပေါ်ပေါက်လာပုံ၊ အလုပ်အကိုင် အခွင့်အလမ်း၊ လူတိုင်းအကျုံးဝင်သော ပညာသင်ယူခွင့်၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်အဆင့် စီမံကိန်းများ၊ မသန်စွမ်းသူများ အခွင့်အရေး ဥပဒေ၊ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများ၊ ပါးစပ်၊နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေး၊ အသုံးပြုနည်းများ စသည့် သိသင့်သိထိုက် သည့် အကြောင်းအရာများကို ပြသဆောင်ရွက်ပေးထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)