အင်းတော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများသို့ အလှူငွေများ ပေးအပ်လှူဒါန်း

အင်းတော် ဩဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် ကျေးရွာများသို့ စစ်ကိုင်းတိုင်းဒေသကြီးလွတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွှန့်မှ အလှူငွေများ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့က အဆိုပါကျေးရွာများတွင် အသီးသီးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးလွတ်တော် ဒုတိယဥက္ကဋ္ဌမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သော ဂျုံးဂျုံးဂျကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ရေစင်တည်ဆောက်နေမှုအတွက် အလှူငွေကျပ် (၁၀) သိန်း၊ မအူကုန်းကျေးရွာ သံဖရိန်မဏ္ဍပ် ပြုလုပ်ရန်အတွက် အလှူငွေကျပ် ( ၈ ) သိန်း၊ အ-မ-က ကျောင်း သစ်ပုံလွင် ရေရရှိရေးလုပ်ငန်းအတွက် အလှူငွေ (၂) သိန်း၊ ခရမ်းစပ်ကုန်း စာသင်ကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ် နေမှုအတွက် အလှူငွေကျပ် (၁၀) သိန်း၊ အ-ထ-က မဲဇာကျောင်းအတွက် အလှူငွေကျပ် (၁၀) သိန်း၊ အ-မ-က မန်ဖာကျောင်း ရေရှိရေးလုပ်ငန်း အတွက်  အလှူငွေကျပ် (၁၀) သိန်း၊ ဝါးဖြူတောင်ကျေးရွာတွင် သံဖရိန်မဏ္ဍပ် ပြုလုပ်ရန်အတွက် အလှူငွေကျပ် (၁၀) သိန်းကို ကျေးရွာအသီးသီးသို့ သွားရောက် လှူဒါန်းခဲ့ ကြောင်း သိရသည်။

ကျော်သီဟ