ထီးချိုင့် ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ( Covid-19 Economic Relief Plan ) ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်း လုပ်ငန်း ခွဲများ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဇီးသောင်(ရှေ့)ကျေးရွာသို့ ယမန်နေ့နံနက်(၁၀)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်လွင်ဦးနှင့် တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ထီးချိုင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်လွင်ဦးနှင့် ဝန်ထမ်းများလိုက်ပါပြီး ဇီးသောင်ကျေးရွာအုပ်စု၊ ဇီးသောင်(ရှေ့)ကျေးရွာ Cash for Work စီမံကိန်းဖြင့် ကျေးရွာအတွင်း (၂'×၇၀၀') (၃'×၇") ကွန်ကရစ်ဘီးလမ်း ဆောင်ရွက် နေမှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး လုပ်ငန်း စံချိန်စံညွှန်းများနှင့်အညီပြည့်မီအောင် ဆောင်ရွက်ရေး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)