ကျောက်တံခါး ဩဂုတ် ၁၇
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေး မြို့နယ် အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ဒုတိယအကြိမ်) ကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက အမှာစကားပြောကြားရာတွင် မဲစာရင်းလာရောက်ကြည့်ရှုမှု အခြေအနေ၊ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) လျှောက်ထားမှု အခြေအနေများအား ဆွေးနွေးခဲ့ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက မဲစာရင်းပြုစုခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးက လူဦးရေစာရင်းနှင့် ပတ်သက်၍ အသက်(၁၈)နှစ်ပြည့်ပြီး မဲစာရင်းတွင် ပါဝင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသည့် သူ များ အားကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို တင်ပြဆွေးနွေး ခဲ့ပြီး သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)