လပွတ္တာ သြဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင်ရှိရပ်ကွက်/ ကျေးရွာတွင်းကြေညာခဲ့သော မဲဆန္ဒရှင်စာရင်များ ပြင်ဆင်ပြီးသော မဲစာရင်းများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ယနေ့နံနက်ပိုင်းက လာရောက်ပေးအပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ လပွတ္တာမြို့နယ်တွင်းရှိ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့များက ၄င်းတို့ဒေသအသီးသီးတွင် ကြေညာခဲ့သော မဲစာရင်းများနှင့်ပတ်သတ်၍ မဲဆန္ဒရှင်များက လျှောက်ထားလာသော ပုံစံ (၃) မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်ဆိုလွှာ ပုံစံ (၄) မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေသဖြင့်ပယ်ဖျက်ပေးရန် ကန့်ကွက်လွှာပုံစံ(၄-ဂ)မဲစာရင်းပါ မှားယွင်းနေသော အချက်အလက်များ ပြင်ဆင်ပေးရန် တင်ပြသော ပြင်ဆင်လွှာများ နှင့်အတူ ပြင်ဆင်ပြီးမဲစာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် ရုံးသို့ လာရောက်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ရပ်/ ကျေးရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးများက အစည်းအဝေး တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ မှ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများပါ (ပုံစံ ၃-က) နှင့် ပုံစံ (၃-ခ) ၊ ပုံစံ (၄-က) နှင့် ပုံစံ (၄-ခ) တို့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး မှာကြား ခဲ့ကြောင်းသိရသည်။
ဝင်းကျော်မြင့် (လပွတ္တာခရိုင် ပြန်/ဆက်)