ဘုတလင်မြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦများ ဆောက်လုပ်နေမှု အား ကွင်းဆင်းစစ်ဆေး

ဘုတလင်           ဩဂုတ်  ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ချင်းတွင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာန အဆောက်အဦများ ဆောက်လုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်အရည်အသွေး စစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင် များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချင်းတွင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦး များကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်နေမှုအခြေအနေများကို မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက စစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာ ပြီးစီးရေး ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါချင်းတွင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦးများကို Super MT ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်လျက်ရှိပြီး ဩဂုတ်လကုန်တွင် အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)