မအူပင်ခရိုင်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ ဆဌမနေ့ စစ်ဆေး

မအူပင် ဩဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့ နံနက် ၁၀ နာရီမှစတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မအူပင် ခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် တင်သွင်းလွှာများ စိစစ်ခြင်းကို မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွင် ပြုလုပ်ခဲ့သည် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည် တင်သွင်းလွှာများ ဆဌမနေ့အဖြစ် စစ်ဆေးခြင်းကို မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် (၁၀)ဦးနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းအမည် တင်သွင်းလွှာ တင်သွင်းသူ (၁၂)ဦးတို့၏ ရှေ့မှောက်တွင် ကိုယ်စားလှယ် လောင်းတစ်ဦးချင်း အလိုက် အမည်စာရင်းတင်သွင်းလွှာတွင် ဖော်ပြထားသော အမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ မွေးသက္ကရာဇ်တို့ မှန်ကန်ခြင်းရှိ/မရှိ၊ မူရင်းများ တင်ပြနိုင်မှုနှင့် မြန်မာနိုင်ငံတွင် တစ်ဆက်တည်း ၁၀ နှစ် နေထိုင်ခြင်းရှိ/မရှိများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လွှတ်တော်ရွေးကောက်ပွဲ ဉပဒေ၊ နည်းဥပဒေ ပြဌာန်း ချက်များအတိုင်း စိစစ်ခဲ့သည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းစိစစ်ခြင်းကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့ အထိ စိစစ်သွားမည်ဖြစ်ပြီး မအူပင်ခရိုင်တွင် နိုင်ငံရေးပါတီ (၁၀)ပါတီ၊ တစ်သီးပုဂ္ဂလတစ်ဦးမှ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု (၈၁)ဦးရှိပြီး ဆဌမနေ့အဖြစ် ညောင်တုန်း မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) ၇ ဦးညောင်တုန်း မြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) ၅ဦး လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၂) ဦးအား စစ်ဆေးခဲ့ကြောင်း မအူပင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)