ဗန်းမောက်မြို့၌ မြို့ပေါ်ရပ်ကွက်နေပြည်သူများအား ဒုတိယအကြိမ် ထိုးနှံပေးရမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပထမအကြိမ်ဆက်လက်ထိုးနှံပေး

 

ဗန်းမောက်  စက်တင်ဘာ ၂၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက် (၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများအား နိုင်ငံတော်မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက် ရှိရာ ယနေ့ နံနက်()နာရီအချိန်မှ မွန်းလွဲ()နာရီအချိန်အထိ စုရပ်ဖြစ်သည့် မြို့နယ်ခန်းမ၌ ဒုတိယ အကြိမ် ထိုးနှံပေးရမည့် ကာကွယ်ဆေးများကို ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် နည်းလမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်း၍ စေတနာ့ဝန်ထမ်း (၁၅)ဦး၊ နိုင်ငံ့ဝန်ထမ်း ()ဦး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း ()ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ()ဦး၊ ဟိုတယ်မိုတယ်တည်းခိုခန်း ()ဦး၊ အစားအသောက်ဝန်ဆောင်မှု လုပ်ငန်းများ(၁၀)ဦး၊ မသန်စွမ်းသူများက ()ဦး၊ နာတာရှည်ရောဂါရှိသူများ ()ဦး၊ ရွှေ့ပြောင်းလူအုပ်စု များနှင့်ယာယီစခန်းများ(၂၁)ဦး၊ ပြည်သူ (၅၂)ဦး၊ စုစုပေါင်း (၁၂၅) ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသန်းဌေး နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးလာ ရောက် ထိုးနှံကြသည့် မိဘပြည်သူများအား ဆေးမထိုးမီ မှတ်တမ်းယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် အောက်ဆီဂျင်တိုင်းတာခြင်းတို့ကိုလည်း ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာရှင်ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ပူးပေါင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

မေသူဟန် (ဗန်းမောက်)