ဖျာပုံ စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ "ကမ္ဘာ့ခွေးရူး ရောဂါ ကာကွယ်ရေးနေ့" အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် စတင်ကာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ "ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့" အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးရာတွင် ဖျာပုံခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဒေါက်တာ စနေမျိုးအောင်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာကျော်မြင့်နှင့် ဝန်ထမ်းများမှ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ မိမိတို့မွေးမြူထားရှိသော ခွေးများအား ခွေးရူးရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံလျက်ရှိရာ ဖျာပုံမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို စက်တင်ဘာလ (၂၇)ရက်နေ့နှင့် စက်တင်ဘာလ(၂၈)ရက်နေ့ထိ နံနက်(၁၀)နာရီမှ ညနေ(၃)နာရီထိ ခွေးရူးရောဂါ ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးမှ သိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)