ကျွန်းစုမြို့နယ်တွင် ကိုဗစ် အသိပညာပေး နံရံကပ်စာစောင်များပြသ

 ပြသကျွန်းစု စက်တင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်၌ စက်တင်ဘာလ ၂၇ရက် နံနက်(၁၀:၀၀)နာရီ အချိန်က  ပြည်သူများ ကိုဗစ်-၁၉ ရောဂါဘေးမှ ကင်းဝေးစေပြီး ကျန်းမာစွာ နေထိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ အသိပညာပေး စာစောင်များအား ပြသထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်ဘုတ်တွင်COVID-19မပြန့်ပွားဖို့မိမိကစ၍ ကာကွယ်စို့၊ကိုရိုနာ ဗိုင်းရပ်စ် ရောဂါအကြောင်း၊ COVID-19 ကူးစက်မှုကာကွယ်ရေးလိုက်နာဆောင်ရွက်ရမည့် အချက်များ၊  နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ၊  သံသယဖြစ်ဖွယ်  ရောဂါ လက္ခဏာများ၊    ကိုရိုနာဗိုင်းရပ်စ်  ရောဂါဖြစ်ပွားသည်ဟုသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပို့၊ ကုသမှု ခံယူပါ။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပန်ကြားချက်များအား ပြည်သူများ အလွယ်တကူ ဖတ်ရှုနိုင်ရန် ပြသထားကြောင်း သိရသည်။

စိုးစိုးသွယ် (ကျွန်းစု)