မိုးညှင်းမြို့၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ မရှိစေရေးအတွက် ပါးစပ်နှာခေါင်းစည်း များ ဝေငှပေးခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများဆောင်ရွက်

မိုးညှင်း စက်တင်ဘာ ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ မရှိစေရေးအတွက် လူစည်ကား သည့် နေရာများတွင် ပါးစပ်နှာခေါင်းစည်းများ ဝေငှပေးခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၉)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များ၊ လမ်းဆုံလမ်းခွနေရာများနှင့် မြို့မစည်ပင်သာယာစျေး တို့တွင် ဖြတ်သန်းသွားလာနေကြသည့် ပြည်သူများ၊ စျေးရောင်း စျေဝယ်လာကြသည့် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ မရှိစေရေး အတွက် ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ပါးစပ်နှာခေါင်းစည်းများ ဝေငှပေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များကို ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)