ရွှေသောင်ယံ စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စု၊ ဂျိုင်လယ်ကျေးရွာ မူလတန်းလွန် ကျောင်း၌ စုရပ်ပြုလုပ်၍ ယနေ့ နံနက်(၉)နာရီတွင် အသက်(၆၄) နှစ်အောက်(၄၅)နှစ်အထက်ရှိ ပြည်သူ(၁၅၀)ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာသို့ မကျီးဇင်ကျေးရွာအုပ်စုရှိ ဂျိုင်လယ်ကျေးရွာ၊ ပေါက်တူးကွင်း ကျေးရွာ၊ မကျီးဇင်ဖျား ကျေးရွာစသည့် ကျေးရွာ(၃)ရွာမှ ပြည်သူများလာရောက် ထိုးနှံခဲ့ကြသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံရာတွင် ကျန်းမာရေး ဝန်ထမ်းများမှ အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ Oxygen တိုင်းပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပြီး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးရာသို့ မကျီးဇင်ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ လူမှုကူညီရေး အသင်းအဖွဲ့များတို့မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုကိုမောင်(ပြန်/ဆက်)