အင်္ဂပူမြို့နယ်၌ ပန်းခင်းစီမံချက် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲပြုလုပ်

အင်္ဂပူ စက်တင်ဘာ  ၂၇

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စီစစ်ရေး ကတ်ပြားဆောင်ရွက်ပေးနေမှုကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ဆက်သွယ်‌ဆောင်ရွက် နိုင်ရန်အတွက် ပန်းခင်းစီမံချက် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် အင်္ဂပူမြို့ အမှတ်(၂)ရပ်ကွက် ငဝန်ဧရာလမ်း‌ဆုံ၌ ပြုလုပ်စိုက်ထူခဲ့ကြောင်းသိရသည်။

ခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်‌ကျော်မိုးနှင့် တာဝန်ရှိသူများက ‌ဆိုင်းဘုတ်အား အမွှေးနံ့သာ ရည်များပက်ဖျန်းပေးခဲ့ပြီး ပြည်သူများအား ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်‌ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင် ရာအကြီးအကဲများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ကရင်တိုင်းရင်းသား/ သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)