လေးမျက်နှာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဇာထိုးပန်းထိုး သင်တန်းဆင်းပွဲ ကျင်းပ

လေးမျက်နှာ စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ယနေ့ နံနက် ၉ နာရီ အချိန်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဇာထိုးပန်းထိုး သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန် မှ  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  တိုင်းဒေသကြီးအတွင်း  ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ကို  နှစ်စဉ်ဘဏ္ဍာနှစ် များအလိုက်  ဆောင်ရွက်လျက်ရှိရာ  ယခုဖွင့်လှစ်သော ဇာထိုးပန်းထိုး သင်တန်းမှာလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊  အမျိူးသမီးအိမ်တွင်းမှု အတတ်ပညာအဖြစ်  ဇာထိုးပန်းထိုး သင်တန်းဖွင့်လှစ်ရာတွင်  စိတ်ပါဝင်စားစွာ လာရောက်သင်ကြားကြသော  သင်တန်းသား သင်တန်းသူများနှင့်တကွ  သင်ကြားပြသပေးသော သင်တန်းဆရာမအား ကျေးဇူးတင်ရှိပါကြောင်း၊  မိမိတို့ဌာနအနေဖြင့်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းပြောကြားသည်။

ဆက်လက် ဖွင့်လှစ်မည့် သင်တန်းများတွင်လည်း ယခုလိုပါဝင်တက်ရောက် ကြစေလိုကြောင်းနှင့်  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်ဦးမှ သင်တန်းသို့ တက်ရောက်သင်ကြားကြသော သင်တန်းဆရာမနှင့်အတူ သင်တန်း သားများအား ကျေးဇူးတင်ရှိကြောင်း၊  နောင်အခါတွင်လည်း မိမိတို့မြို့နယ်အတွင်း  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက်  သင်တန်းများ ဖွင့်လှစ်ပေး စေလိုကြောင်း ထပ်မံပြောကြားခဲ့ကြသည်။ 

ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူမှ  သင်တန်းသား သင်တန်းသူများအား  သင်တန်းပြီးဆုံးပါက  မိမိတို့တတ်မြောက်ခဲ့သော  ဇာထိုးပန်းထိုး အတတ်ပညာအား အသုံးချတတ် စေလိုကြောင်း၊ အတတ်ပညာများကို  လေ့လာဆည်းပူးစေလိုကြောင်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဇာထိုးပန်းထိုးသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။ 

ထို့နောက် သင်တန်းသူများကိုယ်စား  သင်တန်းသူ ဒေါ်စုသက်စံမှ  ယခုလို  အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးသောကြောင့်  ကျေးလက်နေပြည်သူများ အတွက်များစွား အထောက်အကူပြုပါကြောင်း၊  သင်တန်းဖွင့်လှစ်ပေးခဲ့သော  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်  သင်တန်းဆရာမအား  ကျေးဇူးအထူး တင်ရှိပါကြောင်း ကျေးဇူးတင်စကား ပြောကြား​သည်။

အဆိုပါ သင်တန်းကို (၈.၉.၂၀၂၁)ရက်နေ့မှ (၂၇.၉.၂၀၂၁)ရက်နေ့အထိ (၂၀)ရက်ကြာ သင်တန်း ဆရာမ ဒေါ်ခင်မျိူးမြတ် မှ လက်တွေ့သင်ကြား ပို့ချခဲ့ကြောင်းနှင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစေရန်၊  တစ်ပိုင်တစ်နိုင် လုပ်ငန်းများ လုပ်ကိုင်နိုင် စေရန် ရည်ရွယ်၍  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဇာထိုးပန်းထိုး သင်တန်းကို  ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)