အထက်မင်းလှ စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကျေးလက်လမ်းများ မြေနီခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကျေးလက်လမ်းများမှာ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးလက်လမ်းများမြေနီခင်းခြင်းလုပ်ငန်းဖြစ်ပြီး၊ လင်းကယ်-စမ်း-ကံ ကျေးရွာချင်းဆက်လမ်း မြေသားဘောင်ချဲ့ခြင်း လမ်းအရှည် ၆ မိုင်၊အကျယ် ၁၈ ပေ၊ထု ၈လက်မ မြေနီခင်းခြင်း၊ အိုးဘိုကုန်း-ရေပေါ်-ဒီးဒုတ်ကန် ကျေးရွာချင်းဆက်လမ်း မြေသားဘောင်ချဲ့ခြင်းလမ်း အရှည် ၆ မိုင်၂ဖာလုံ၊အကျယ် ၁၈ ပေ၊ထု ၈လက်မ မြေနီခင်းခြင်း၊ကွန်းသွန်း-သရက်-မင်းလှလမ်း၊ အုတ်ပုံ-သရက်--မင်းလှလမ်း၊ မင်းတဲကြီး-သရက်-မင်းလှလမ်း၊ အထက်ကိုင်း-ပုသိမ်-မုံရွာလမ်း၊ ကန်နီ-ပုသိမ်-မုံရွာလမ်း များအားမြေသားဘောင်ချဲ့ခြင်း လမ်းအရှည် ၂ မိုင်၊ အကျယ် ၁၈ပေ၊ ထု ၈လက်မ မြေနီခင်းခြင်းနှင့် အောက်ကိုင်း-ပုသိမ်-မုံရွာလမ်း မြေသား ဘောင်ချဲ့ခြင်းလမ်းအရှည်၂ မိုင် ၄ ဖာလုံ၊ အကျယ် ၁၈ ပေ၊ ထု ၈လက်မ မြေနီခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့သည်။
မင်းလှမြို့နယ်၌ ကျေးလက်လမ်းများမြေနီခင်းခြင်း လုပ်ငန်းများကို လုပ်ငန်းတင်ဒါစနစ် ဖြင့်ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး၊ ကျေးရွာချင်းဆက်လမ်းများနှင့် ကျေးလက်လမ်းများ မြေနီခင်းခြင်း လုပ်ငန်း များမှာ ရာနှုန်းပြည်ပြီးစီးနေပြီဖြစ်၍ ဒေသခံပြည်သူများ ခရီးသွားလာရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)