ဆွမ်ပရာဘွမ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အသံချဲ့စက်ဖြင့် လှည့်လည် ဆောင်ရွက်

ဆွမ်ပရာဘွမ်  စက်တင်ဘာ ၂၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အသံချဲ့စက်ဖြင့် အရှိန်အဟုန်မြှင့် နှိုးဆော်ခြင်းလုပ်ငန်းကို မြန်မာ၊ ကချင်နှစ်ဘာသာဖြင့် ယနေ့ နံနက် ၈ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက် များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာ၊ ကချင်နှစ်ဘာသာဖြင့် အသံချဲ့စက်လှည့်လည်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက အများကြား သိနိုင်သည့် နေရာများ၊ မြို့ပေါ်လမ်းဆုံ၊ လမ်းခွနေရာများ၊ လူအများသွားလာ လှုပ်ရှားသော နေရာများ၊ စည်ပင်စျေးရှေ့များ၊ ပြန်ကျစျေးများ၌ ဆောင်ရွက်ခဲ့ ရာစျေးဆိုင်များနှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ စည်းမျဉ်းဖြင့် ရောင်းချရန်၊ စားသောက်ဆိုင်များ ဆိုင်ထိုင်စား သောက်စေခြင်း မပြုဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချသွားရန်၊ မိဘပြည်သူများ မဖြစ်မနေ အပြင်ထွက်ရန်ရှိပါက Mask တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ကာလအတွင်း မိဘပြည်သူများ တတ်အားတရွေ့ပါဝင်ကြရန် စသည်များကို အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်(ပြန်/ဆက်)