မုဒုံ စက်တင်ဘာ ၂၇
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ရွှေဖရုံသီးများ လှိုင်လှိုင်ထွက်ရှိသော် လည်း လာရောက်ဝယ်ယူသူနည်းပါးသောကြောင့် ရောင်းအားကျဆင်းလျက်ရှိကြောင်း သိရသည်။
'' လွန်ခဲ့သည့် လအနည်းငယ်က ကုန်စိမ်းပွဲစားများသည် ရွှေဖရုံ အပါအဝင် အခြား ဟင်းသီးဟင်းရွက်များကို တစ်ရက်လျှင် တစ်သိန်းဖိုးခန့် လာရောက်ဝယ်ယူကြ ကြောင်း ၊ ယခုအခါ ကိုဗစ်- ၁၉ ဖြစ်ပွားမှု အခြေအနေကြောင့် လာရောက် ဝယ်ယူသူ နည်းပါး လာကြောင်း '' မုဒုံမြို့နယ်မှ ရွှေဖရုံစိုက် တောင်သူတစ်ဦးက ပြောသည်။ မုဒုံမြို့နယ်ရှိ ရွှေဖရုံစိုက် တောင်သူများသည် အများအားဖြင့် မြေပြင်ပေါ်တွင်သာ ဖြန့်ကျက် စိုက်ပျိုးကြရာ စတင်စိုက်ပျိုးပြီး ရက် ၁၀၀ အကြာတွင် ခူးဆွတ်ရောင်းချနိုင် ပြီး ရွှေဖရုံသီးကို အသီးအရွယ်အစားအလိုက် ဒေသပေါက်စျေး တစ်လုံးလျှင် ၇၀၀ ကျပ် မှ ၁၃၀၀ ကျပ်အထိ ရောင်းချရကြောင်း ရွှေဖရုံစိုက်ပျိုး ရောင်းချနေသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)