ခမောက်ကြီး စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ယမန်နေ့ ညနေ၃နာရီခန့်က ကိုဗစ်-၁၉ကာလအတွင်း အလှူရှင်အသီးသီး ပြည်သူမှ ပြည်သူသို့ အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့အမှတ်(၁)ရပ်ကွက်နေဒေါ်နန်းနီလာနွယ်(နီလာစတိုး)မိသားစုတို့မှ ကြက်ဥ (၉၀၀)လုံး၊ အချိုမှုန့်ထုပ်(၁၂၀)ထုပ်၊ဆားထုပ်(၁၅၀)ထုပ်အား အိမ်ထောင်စု(၁၈၀)ခန့် အတွက်တစ်အိမ်ထောင်လျှင် ကြက်ဥ(၅)လုံး၊ အချိုမှုန့်၊ ဆား၊ ကလေးများအားလည်း မုန့် အထုပ်(၂၅၀)ခန့်အားလည်းကောင်းအမှတ်(၁)ရပ်ကွက်၊စံပယ်လမ်းနေဦးသားသား+ဒေါ်ဝါဝါမိသားစုတို့မှ ဆန်(၅၀)ပြည်နှင့်ကြက်ဥ (၂၅၀)တို့အား အိမ်ထောင်စု(၅၀)အတွက် တစ်အိမ် ထောင်လျှင် ကြက်ဥ(၅)လုံးနှင့် ဆန်(၁)ပြည်စီကိုလည်းကောင်း ဦးကျော်ကျော်ဝင်း+ ဒေါ်ဥမ္မာရွှေဒွေးမိသားစုတို့မှ SPP ဆီသန့် (၇၂)ဘူးအားလည်းကောင်း၊ ဦးရှိန်+ဒေါ်လှ မိသားစုမှ ဆားအထုပ်(၅၀)ခန့်အားလည်းကောင်း၊ ဦးထွေး+ဒေါ်အေးသွယ်မိသားစုမှ အချိုမှုန့်များအားလည်းကောင်း၊ဦးနိုင်ကြီး+ဒေါ်ချိုနှင့်သားမောင်ဟိန်းမင်းနိုင်(အန်တီချိုထမင်းဆိုင်)မိသားစုမှလည်း ဆန်(၅)ဘူးပါ ဆန်အထုပ်(၃၀၀)ကျော်ကိုလည်းကောင်း ရပ်ကွက် အတွင်းရှိ ရပ်ကွက်နေပြည်သူတို့အား စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် အခြေခံ စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ရူပါမြင့်(ပြန်/ဆက်)