ရေကြည် စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်း ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၇)နာရီအချိန်တွင် မြို့ပေါ်ဌာနဆိုင်ရာများ စုပေါင်း၍ မင်္ဂလာရာမဘုရားကြီး ကျောင်းဝန်း အတွင်း အပြင် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းဝန်းအတွင်းအပြင်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ နယ်မြေ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများစုပေါင်းကာ ကျောင်းဝန်းအတွင်း ပေါက်ရောက် နေသော မြက်၊ ချုံနွယ် ပိတ်ပေါင်းများနှင့် မလွတ်ကင်းသော သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်း ခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း လုပ်ငန်းများကို ဝိုင်းဝန်းစုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)