ခါမ်းပါတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ခါမ်းပါတ် စက်တင်ဘာ ၂၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ဦးတည်အုပ်စုများနှင့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ကာကွယ်​​ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ဦးစားပေးအုပ်စုဖြစ်များ မကျန်ရှိစေရေးတို့အတွက် ကျေးရွာအုပ်စုများသို့ သွားရောက် ထိုးနှံပေး လျက်ရှိရာ စက်တင်ဘာလ (၂၆)ရက်နေ့က ကျေးရွာအုပ်စုကြီးဖြစ်သည့် မင်းသမီး​ ကျေးရွာ၊ ရွာသာကျေးရွာ၊ အောက်တောင်းကျေးရွာနှင့် ဘုတ်ကန်ကျေးရွာများသို့ သွားရောက်ထိုးနှံပေးခဲ့ကြပြီး ယနေ့တွင် ထင်းဇင်ကျေးရွာအုပ်စုနှင့် ခါမ်းပါတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပုတီးခန်းမတို့တွင် ထိုးနှံ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခါမ်းပါတ်မြို့ အုပ်ချုပ်ရေးမှူးဦးကျော်စွာဝင်း၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ကျေးရွာ တာဝန်ရှိသူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခါမ်းပါတ်မြို့အတွက် ကာကွယ်ဆေးအလုံးရေ (၃၃၀)ရရှိထားပြီး ဦးတည်အုပ်စုများ မကျန်ရှိစေရေးအတွက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သားငယ်(ခါမ်းပါတ်)