ကျိုက်လတ် စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့တွင် ကွန်ပလိုင်းကျေးရွာအုပ်စု၌ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျေးရွာရှိပြည်သူများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ် ပေးရခြင်းနှင့် ပတ်သတ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေက ရှင်းပြောကြားခဲ့ပြီး ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကျား(၁၀)ဦး၊ မ(၁၃)ဦး၊ ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကျား(၁၄)ဦး၊ မ(၁၆)ဦး၊ ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၃၅)ဦး၊ မ(၂၀)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးမိတ္တူထုတ်ပေးမှု ကျား(၇)ဦး မ(၁၄)ဦး၊ စုစုပေါင်း ကျား၊ မ(၁၂၉)ဦးအား ကွင်းဆင်းဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်