လိပ်သိုမြို့အတွင်းရှိ  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံကြရန်နှင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက်  အသိပေးနှိုးဆော်ဆောင်ရွက်

လိပ်သို  စက်တင်ဘာ  ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများရှိလာသဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပေးနှိုးဆော်မှုအား မြို့ပေါ်/ရပ်ကွက်များသို့ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဦးစီးမှူးနှင့် ၀န်ထမ်းများက  မြို့အတွင်းရှိ  အမှတ် (၂) ရပ်ကွက်၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှည့်လည်အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြတ်တောက်ပြီး ထိထိရောက်ရောက်ကာကွယ်နိုင်ရန် မိမိနေအိမ်တွင်း၌သာနေထိုင်ကြရန်၊ မိမိတို့အိမ် တွင် ပြင်ပမှလာသော ဧည့်သည်များကို လက်မခံကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက် ရပါက  ပါးစပ်နှင့် နှာခေါင်းစည်း  Mask ကို စနစ်တကျ တပ်ဆင်ကြပါရန်၊ အရာ၀တ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်  စနစ်တကျဆေးရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေ၀င် လေထွက်ကောင်းအောင် ဖွင့်ထားရန်နှင့်  သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိ သူများ ရောဂါကူးစက်ခံရပါက  ဝေဒနာပြင်းထန်စွာခံစားရပြီး  အသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း ၊ အကယ်၍ မိမိတို့ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက အိမ်တွင်ကြိတ်ပြီး ဆေးကုသမှုမျိုး မပြုလုပ်ရန်၊ နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍  မပျက်မကွက်  ဆေးကုသမှု ခံယူကြပါရန် ၊ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကို  အမြန်တားဆီး ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ် ရေးလုပ်ငန်းများကို  မိဘပြည်သူများအနေဖြင့် ကိုယ်စီလိုက်နာကြပြီး  ပူးပေါင်းပါ၀င်ကြစေရန် ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုလည်း မပျက်မကွက် ဆေးထိုးနှံကြပါရန် စသည့် အချက်များကို မြို့ပေါ်/ရပ်ကွက်နေပြည်သူများအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး Hand Speaker  ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)