ဒီပဲယင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဒုတိယအသုတ်၊ ပထမအကြိမ် ၃ ရက် မြောက်နေ့ ဆက်လက်ထိုးနှံပေး

ဒီပဲယင်း   စစ်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအသုတ်၊ ပထမအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ဒီပဲယင်းမြို့ အ.ထ.က ကျောင်းတွင် ၃ ရက်မြောက်နေ့  ယမန်နေ့ နံနက် ၈ နာရီမှ နေ့ ၁ နာရီအချိန်ထိ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ဒီပဲယင်းမြို့တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည့်သူများမှာ အသက်(၆၅)နှစ်အထက်ပုဂ္ဂိုလ်များ ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါနှင့် မကူးစက်နိုင်သည့်ရောဂါသည်များ၊ ရွှေ့ပြောင်းအလုပ်သမားများ ‌စေတနာဝန်ထမ်း (Volunteer)များ ၊ သာသနာဝန်ထမ်းများဘုန်းတော်ကြီးများ ၊ သီလရှင်များ၊ နိုင်ငံဝန်ထမ်းများ နှင့်ရပ်ကွက်/ကျေးရွာပြည်သူအားလုံးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

 

ဒီပဲယင်းမြို့နယ်တွင် စက်တင်ဘာ ၂၆ ရက် ၃ ရက်မြောက်နေ့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ( ၁၅၅ ) ဦးထိုးနှံပေးခဲ့ကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)