ဘောဂလိ စက်တင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေး နှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် မြန်မာဘာသာနှင့် စကော ကရင်ဘာသာဖြင့် ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအိမ်တွင်း၌ သာနေထိုင်ရန်၊ မိမ်နေအိမ်သို့ ပြင်ပမှ ဧည့်သည်များ လက်ခံပါရန်နှင့် အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်း မပြု ရန်၊ အရေးကြီးကိစ္စနှင့်အပြင်ထွက်ပါက Mask ကို မဖြစ်မနေတပ်ဆင်ရန်၊ လူစုလူဝေးပြု လုပ်ခြင်းများ ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခနဆေးကြောရန်၊ လက်မဆေးဘဲ နှာခေါင်း ၊ ပါးစပ်နှင့် မျက်စိတို့ကို ကိုင်တွယ်ခြင်းမပြုလုပ်ရန်၊ လေဝင်လေထွက်ကောင်းသော အခန်း များတွင်နေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာန များသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါသည် သက်ကြီး ရွယ်အိုများ၊ ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက်ပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြ ပေးကြရန် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)