မချမ်းဘော့ စက်တင်ဘာ ၂၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် (၅၇)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ် ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက် ၇ နာရီအချိန်တွင် မချမ်းဘော့မြို့ အခြေခံပညာ အလယ်တန်း၊ မြို့မကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူမှုအကျိုးပြု လုပ်ငန်းများအဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မချမ်းဘော့ မြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်ရဲမှူး ရဲမှူး ခင်မောင်ဝင်း ဦးဆောင်သည့်တပ်ဖွဲ့၀င်များ စုစုပေါင်းအင်အား (၂၃)ဦးတို့က အခြေခံပညာ အလယ်တန်း၊ မြို့မကျောင်းအတွင်းရှိ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ပေါင်ပင်များ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)