ပိုင်ကျုံ စက်တင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ချက်များကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ယာသီကျေးရွာသို့ လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့အသိပညာပေး နှိုးဆော်ချက်များကြေညာရာတွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုလျော့နည်းစေ မည့်နည်းလမ်းများကို ဒေသခံပြည်သူများ ဗဟိုသုတပိုမိုရရှိစေရန်ရည်ရွယ်၍ မိဘပြည်သူများအနေဖြင့် အတတ် နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ပါ၊ သို့မှာသာရောဂါကွင်းဆက် ပြတ်တောက်ပြီးကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်သည်။ ပြင်ပမှလာသော ဧည့်သည်များလက်မခံကြရန်နှင့် မိမိတို့ကလည်းအခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ အရေးကြီးကိစ္စကြောင့်အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့်ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့်နှာခေါင်းစည်းမတပ်ထားသူများနှင့်တွေ့ဆုံခြင်း၊စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြပါ၊ အရာဝတ္တူတစ်ခုခုကိုကိုင်တွယ်ပြီးတိုင်းလက်ကိုဆပ်ပြာဖြင့်စက္ကန့်(၂၀)ကြာအောင်စနစ်တကျဆေးကြောကြပါ၊လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့်မျက်စိတို့ကိုပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့်ထိတွေ့ခြင်းမပြုလုပ်ကြပါရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများသွားလာခြင်းမှရှောင်ပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးနှင့်နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီးအသက်အန္တရာယ်ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ရောဂါပိုးကူးစက်ခံနေရသည်ဟုသံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနများသို့ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှုခံယူကြပါရန်၊ အလှည့်ရရှိသောကာကွယ်ဆေးများကို မိမိတို့အတွက် အကောင်းဆုံးဖြစ်၍ကာကွယ်ဆေးကိုအကြိမ်ပြည့်ထိုးနှံပါ၊ကာကွယ်ဆေးထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါစသည့် ဆောင်ရန်/ရှောင်ရန်အချက်များအားလိုက်လံ နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)