ဒုံဟီးမြို့ မြို့ပေါ်(၃)ရပ်ကွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

ဒုံဟီး  စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်းအုပ်ချုပ်ခွင့်ဒေသ၊ ဒုံဟီးမြို့မြို့ပေါ်(၃)ရပ်ကွက်ရှိ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင် ထောက်ပံ့ခြင်းကို ယမန်ရက်နေ့က မြို့ပေါ်(၃)ရပ်ကွက်ရှိ ဘိုးဘွားများ အတွက် လူမှုဝန်ထမ်းဦးစီးဌာနကိုယ်စား ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ  ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြို့ပေါ်(၃)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများမှာ (၆)ဦးရှိပြီး မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၏ ခွင့်ပြု ရန်ပုံငွေများဖြင့် လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ ယခုဘဏ္ဍာနှစ် တတိယ သုံးလပတ် ဧပြီ၊မေ၊ဇွန်လတို့အတွက် ဘိုးဘွားတစ်ဦးလျင်ငွေကျပ် (၃၀၀၀၀)ကို မြို့ပေါ်(၃)ရပ်ကွက်ရှိ ဘိုးဘွား(၆)ဦးအတွက် ငွေကျပ် တစ်သိန်းရှစ်သောင်းကို ဘိုးဘွားများ လက်ဝယ်အရောက် လိုက်လံထောက်ပံ့‌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒုံဟီး