လှိုင်းဘွဲမြို့နယ် အထက(ခွဲ)ကျောင်း၌ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေး

လှိုင်းဘွဲ စက်တင်ဘာ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျောင်းများ ယာယီပိတ်ထားခဲ့ရာ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား/ သူများအနေဖြင့် အသိပညာ/ ဗဟုသုတများ ရှာမှီးနိုင်ရန်အတွက် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပွဲကို  ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃(အင်အားပြ) ဦးမျိုးကိုကိုက ကျောင်းသား/ သူများအနေဖြင့် ကျောင်းစာအပြင် အသိပညာဗဟုသုတ ရရှိစေရန်အတွက် ကျောင်းစာကြည့်တိုက်သည် အရေးကြီးကြောင်း၊ စာကြည့်တိုက်ကို စနစ်တကျထားရှိရေး၊ စာအုပ်များ စနစ်တကျ စာရင်းသွင်းခြင်း၊ စာကြည့်တိုက်ကို ကလေးများ ပိုမိုစိတ်ဝင်စားလာအောင် ပြင်ဆင် ဆောင်ရွက်ခြင်း၊ စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေးတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တာဝန်ခံ ဒေါ်နှင်းနုနုဝင်း၊ ကျောင်းစာကြည့်တိုက် တာဝန်ခံ ဆရာမများက စာကြည့်တိုက်နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု၊ ကလေးများ ပိုမိုစိတ်ဝင်စားလာအောင် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။