ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်စံပြကျေးရွာ အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေး

ပွင့်ဖြူ စက်တင်ဘာ ၂၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်စံပြကျေးရွာ အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် လယ်လှကုန်း ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို နေ့ချင်းပြီး အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့် “လူမှုဘဝ ပြည့်စုံဘို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ ဝန်ဆောင်မှု ပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ရုံးပိတ်ရက်မရှိ နေ့စဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ရုံးသို့ သွားလာရေး အခက်အခဲရှိသော သက်ကြီးဘိုးဘွားများ ၊ မသန်စွမ်း သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် လာရောက်ရန် အခက်အခဲရှိသူများကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်၍ လိုအပ်သော အထောက်အထားများ စိစစ်ကာ စနစ်တကျ ပြုလုပ်ဆောင်ရွက်ပေး နေကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ထံမှ သိရသည်။

ယနေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာရှိ ဒေသခံ ကျေးလက်နေပြည်သူများကို ပန်းခင်းစီမံချက်စံပြကျေးရွာ အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် ကလေးမွေး တိုးစာရင်း ဖြည့်စွက်ရေးသွင်းပေးခြင်း၊ အသေစာရင်း ပယ်ဖျက်ပေးခြင်းများကို နေ့ချင်းပြီး အခမဲ့ ပြလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို ၂၀၂၁ ခုနှစ် ၊ မေလ ၃ ရက်နေ့မှ စတင်ကာ ပြုလုပ် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး တစ်မြို့နယ်လုံးအနေဖြင့် လူဦးရေ ၃၉၀၀ လျားထားဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။  

ရဲဝင်းနိုင်