လောင်းလုံးမြို့နယ်တွင် ဒုတိယအသုတ် (Fist-Dose) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ (၆၄၅၃)ဦးရှိပြီဖြစ်ကြောင်းသိရ

လောင်းလုံး စက်တင်ဘာ  ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် ဒုတိယအသုတ် (Fist-Dose) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ (၆၄၅၃)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ၁၆ရက်နေ့မှ စတင်ထိုးနှံကာ စက်တင်ဘာလ ၂၅ ရက်နေ့အထိနံနက်(၈:၀၀) နာရီအချိန်တွင် သတ်မှတ် စုရပ်(၃)နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ပြည်သူများ၊ အသက်(၁၈) နှစ်နှင့်အထက် မသန်စွမ်းသူများ၊ အသက်(၁၈)နှစ်နှင့်အထက် ရဟန်းသံဃာ/ သီလရှင်များ၊ နာတာရှည်ရောဂါရှိပြီး ကူးစက်ရောဂါမရှိသူများ၊ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် ဦးစားပေးအဆင့်လိုက် လိုက်ပြည်သူများ၊ ပုဂ္ဂလိက ဝန်ထမ်းများ စုစုပေါင်း( ၆၄၅၃ ) ဦးအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး၊ အဆိုပါ ကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို လောင်းလုံးမြို့နယ်၊ အုပ်ချုပ်ရေးမှူးဦးအောင်ထိုက်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးတို့ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်း တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ် သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သိန်းသိန်း