ရေစကြို စက်တင်ဘာ ၂၆
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စက်တင်ဘာလ ၂၄ ရက်နေ့ည ၁၁ နာရီ နာရီအချိန်နှင့် စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၃ နာရီအချိန်ထိ မိုးရေချိန် ၁ဒသမ၈၅လက်မထိ ရွာသွန်းမှုကြောင့် ဆင်ချောင်းကျေးရွာအုပ်စု၊ ဆင်ချောင်းကျေးရွာရှိ ဆင်ချောင်းဆည်နှင့် စည်သာကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာရှိ ဂွေးချိုဆည်တို့မှာ မူလကန်ရေပြည့်အမှတ်ထက် ကျော်လွန်မှုဖြစ်ပွားကြောင်း သိရှိရသည်။
အဆိုပါ ရေပြည့်အမှတ်ထက်ကျော်လွန်မှုတွင် ဆင်ချောင်းဆည်၌ (၃၃၃ဒသမ၂)ပေရောက်ရှိခဲ့ရာ ရေပြည့်အမှတ် (၃၃၂) ပေထက်(၁ဒသမ၂)ပေနှင့် ဂွေးချိုဆည်၌ (၃၅၃ဒသမ၄) ပေရောက်ရှိခဲ့ရာ မူလကန်ရေပြည့်အမှတ် (၃၅၂)ထက် (၁ဒသမ၄) ပေခန့် အသီးသီး ကျော်လွန်ခဲ့သည်။ ဆင်ချောင်းဆည်နှင့် ဂွေးချိုဆည်တို့မှာ မူလကန်ရေပြည့်အမှတ်ထက်ကျော်လွန်ရောက်ရှိခဲ့မှုအပေါ် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ရေပိုလွှဲ၊ ကွန်ကျူ့ပိုက်တို့မှတစ်ဆင့် ရေလွှဲဆောင်ရွက်လျက်ရှိပြီး ဆဆည်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်(ဆည်မြောင်း)နှင့် သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့မှ အနီးကပ်ကြီးကြပ် စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။
ဆင်ချောင်းဆည်၏ အောက်ဘက်တွင် တစ်ဆက်တည်းသော လယ်ယာမြေများနှင့် (၆) မိုင်ခန့်အကွာတွင် ဆင်ချောင်းကျေးရွာတည်ရှိပြီး ဂွေးချိုဆည်၏ အောက်ဘက်တွင် တစ်ဆက်တည်းသော လယ်ယာမြေများနှင့် (၂)မိုင်ခန့်အကွာတွင် မြေဖြူကျေးရွာတို့တည်ရှိကာ ရေစကြိုမြို့နယ်အတွင်းရှိ ဆည်တည်ရှိရာဒေသများရှိ ပြည်သူလူထုများအား ဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ဆောင်ရွက်ထားရှိရန်နှင့် ပခုက္ကူ-မန္တလေးကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ် (၁၆/၃)၊ (၁၆/၄)တွင်လည်း လမ်းရေကျော်မှုဖြစ်ပွားခဲ့သဖြင့် ခရီးသွားပြည်သူများ အနေဖြင့် နေ့လယ်၁၂ နာရီခွဲအချိန်မှစ၍ ပုံမှန်အတိုင်း ခရီးသွားလာနိုင်ပြီဖြစ်ကြောင်းသိရှိရသည်။
နော်နော်