တနင်္သာရီ စက်တင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကူးစက်ခံ ရသော်လည်း ပြန်လည် ကောင်းမွန်လာသော သွေးတိုးရောဂါအခံရှိသူ ဒေါ်မြင့်ကြည်(ခ)ဒေါ်ညာ၏ ရင်တွင်း စကားသံကိုလည်း ယခုလို ဖော်ပြပေးလိုက်ရပါတယ်။
ဒေါ်မြင့်ကြည်(ခ)ဒေါ်ညာ(ချောင်းငယ်ရပ်ကွက်၊ တနင်္သာရီမြို့နယ်)
ကျွန်မကတော့ ဒေါ်မြင့်ကြည်(ခ)ဒေါ်ညာဖြစ်ပါတယ်၊ ချောင်းငယ်ရပ်ကွက်၊ ဝင်္ဂဘာ တောင်ခြေတွင် နေပါတယ်၊ ကျွန်မက ကာကွယ်ဆေး(၂)ကြိမ်ထိုးထားပြီး ဖြစ်ပါတယ်၊ သွေးတိုး ရောဂါလည်းရှိပါတယ်၊ သွေးတိုးရောဂါကြောင့် ဆေးခန်းသွားပြပါတယ်၊ ကျွန်မကိုယ် ကျွန်မ မသင်္ကာသဖြင့် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးရာ Positive တွေ့ပါတယ်၊ ကျွန်မ အရမ်းကို ကြောက်ပါတယ်၊ ကာကွယ်ဆေးထိုး ထားသည့် အတွက်ကြောင့် အများကြီးမခံစားရပါ၊ ဒါကြောင့် ကာကွယ်ဆေးကို ထိုးကြစေချင်ပါတယ်၊ ဘယ်သူမဆို မိမိကိုယ်ကို အသိဆုံးဖြစ်မှာပါ ဘယ်လိုခံစားနေရတယ်ဆိုတာ တကယ်တော့ ကျွန်မက နှာစေးခြင်း၊ ချောင်းဆိုးခြင်း မရှိပါဘူး၊ Positive Centre ရောက်ပြီး (၃)ရက်အကြာတွင် အနံ့စပျောက်ပါတယ်၊ ဒါကြောင့်ဆရာမ တွေကို နေမကောင်းကြောင်းပြောတော့ ဆေးပေးပါတယ်၊
Positive Centre တွင် ဆောင်ရွက်နေသူများက နေ့တိုင်းသွေးပေါင်ချိန်ပေးပြီး၊ နေကောင်း မကောင်းကို အမြဲတမ်းလာရောက်မေးမြန်း ပေးကြပါတယ်၊ ဂရုစိုက်ကြပါတယ်၊ ကိုဗစ်-၁၉ ရောဂါခံစား နေရစဉ်မှာ အဖျားသွေးမရှိပဲ အရမ်းချမ်းပါတယ်၊ ချမ်းပြီးပြန်ကောင်းသွားချိန်တွင် ခေါင်းကိုက်တာမျိုး ကျန်ခဲ့ပါတယ် (၁၃-၉-၂၀၂၁)ရက်နေ့က အိမ်ပြန်လာပါတယ်၊ ယခုဆိုလျင် (၂၁)ရက်ရှိပါပြီ၊ စဖြစ်တဲ့ချိန် ကတော့ အစာ စားမဝင်တာမျိုးတွေ ဖြစ်ပါတယ်၊ ဒါပေမယ့် စားဝင် အောင်စားပါတယ်၊ ဆရာတွေက အားဆေး တွေပေးပါတယ်၊ ခုဆိုရင်တော့ ပြန်ကောင်းသွားပါပြီရှင်၊ ကိုဗစ်-၁၉ ရောဂါမဖြစ်သေးသူများ ကို လည်း စဖြစ်ပြီဆိုတာ သိတာနဲ့ ရောဂါနုတုန်း ကုကြပါလို့ တိုက်တွန်းချင်ပါတယ်ရှင့်။
သီသီခိုင်(တနင်္သာရီ)