မအူပင် စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမတွင် ဆောင်ရွက်သည်။
အခမ်းအနားတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း(မအူပင်)တာဝန်ခံ ဦးဝင်းမင်းက အဖွင့်မိတ်ဆက်စကား ပြောကြားပြီး မြို့နယ်မီးသတ်တပ်ဖွဲ့တာဝန်ခံ ဦးဇော်မျိုးဌေးက မီးဘေးအန္တရယ်ကြိုတင်ကာကွယ်ခြင်းနှင့် မီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်ခြင်းလုပ်ငန်းများကို ဟောပြောခြင်း လက်တွေ့သရုပ်ပြခြင်းတို့ကို အသိပညာပေး ပြသခဲ့သည်။ ဆက်လက်၍ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးဒေါစောနှင်းမူနှင့် ဝန်ထမ်းများက သဘာ၀ဘေးအန္တရာယ် ဆိုင်ရာ ရေကြီး/ရေလျှံ၊ မုန်တိုင်းတိုက်ခတ်မှု၊ မိုးကြိုးပစ်ခြင်း၊ ငလျှင်ဘေးဒဏ်စသည့် ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ခြင်း၊ ရင်ဆိုင်ကြုံတွေ့ရခြင်းများကို အသိပညာပေး ဟောပြောကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်