နတ်တလင်း စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆက်ကပ်လှူဒါန်းသော ဆွမ်းဆန်နှင့်လှူဖွယ် ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်အကြီးအကဲများက ယနေ့ နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များက နတ်တလင်းမြို့ ပေါ်ရှိကျောင်းတိုက်အသီးသီးတွင် ဝါဆို၊ ဝါကပ်သတင်းသုံးတော် မူကြကုန်သော ရဟန်း၊ သာမဏေ၊ သီလရှင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသောဆွမ်းဆန် (၁၉၉)အိတ်၊ ဆီ (၄၉၈) ပိသာ၊ ဆား(၄၉၈)ပိသာ၊ ကုလားပဲ (၄၉၈)ပိသာ (စုစုပေါင်းကျသင့်ငွေ ၁၀,၅၅၁,၅၀၀ ကျပ်) တို့ကို သက်ဆိုင်ရာကျောင်းတိုက်အသီးသီးသို့သွားရောက်လှူဒါန်း ပေးခဲ့သည်။
နတ်တလင်းမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်း(၂၅၂) ကျောင်းနှင့် သီလရှင် (၆)ကျောင်းတို့မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၉၉၅)ပါးတို့အတွက် ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက်ရေစက် သွန်းချအမျှပေးဝေခဲ့ကြောင်းသိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)