ရေတာရှည် စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ သီလရှင် ကျောင်း ၁ ကျောင်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ ပစ္စည်းလေးမျိုး ထောက်ပံ့လှူဒါန်းပွဲအခမ်းအနားကို စက်တက်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က ဘိုတော်ကုန်းအုပ်စု၊ နတ်ရေတွင်းကျောင်းတိုက် သာသန ဓမ္မ ရက္ခိတ ဗိမာန်၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နတ်ရေတွင်းကျောင်းတိုက် ဦးစီးပထာန ဆရာတော် ဘဒ္ဒန္တ စန္ဒိမာမှ သြဝါဒကထာ မြွက်ကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများအတွက် စုစုပေါင်းတန်ဖိုး ကျပ် ၂၇၈၄၀၀၀ ရှိသည့် ဆန် ၃၆ အိတ်၊ ဆီ ၉ ပုံး၊ ပဲ ၅ အိတ်၊ ဆား ၅ အိတ် တို့ အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အေးဆု