ကျိုက်လတ် စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ခွင့်ပြုငွေ ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် တည်ဆောက်ပြီးစီးသည့် ကညင်ချောင်းကျုံဖာကျေးရွာ အုပ်စုရှိ သံကူကွန်ကရစ်တံတားအား လုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် ကျေးလတ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေး နှစ်အတွင်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ (VDP)ဖြင့် ကျေးရွာ(၃၀)တွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း(၂၁)ခု၊ ကျေးရွာတွင်း သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း(၉)ခု၊ ဆိပ်ခံ တံတား(၁)ခု၊ ရေလှာင်ကန် တည်ဆောက်ခြင်း လုပ်ငန်း(၁)ခု၊ စုစုပေါင်းလုပ်ငန်း(၃၂)ခုအား အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
အဆိုပါ ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများမှ ကျိုက်လတ်မြို့နယ် ကညင်ချောင်းကျုံဖားကျေးရွာ အုပ်စု၊ ကညင်ချောင်းကျေးရွာတွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၀)သန်း၊ ပြည်သူထည့်ဝင်ငွေ(၄.၉)သန်း၊ စုစုပေါင်း လုပ်ငန်းတန်ဖိုးကျပ် (၁၄.၉)သန်းဖြင့် ဆောက်လုပ် ပြီးစီးခဲ့သည့် ကျေးရွာသံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း (၈၀'၊ ၁၀'၊ ၁၁') လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေအား ကျိုက်လတ်မြို့နယ် ကျေးလတ်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်း များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြုပြင်ထိန်းသိမ်းရမည့် နည်းလမ်းများအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်