ဆိပ်ဖြူမြို့နယ်၌ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

ဆိပ်ဖြူ    စက်တင်ဘာ    ၂၅

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးသည့် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များကို ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ငွေသဲဖြူ)ခန်းမ ပေးအပ်သည်။

ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၊ ဥက္ကဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၆)အုပ်စုမှ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား အသီးသီးပေးအပ်ခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းမှာ ရှိကြသည့် အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား ကိုယ်တိုင်သွားရောက်ပြီး ဘိုးဘွားများ လက်ဝယ်အရောက် မှတ်တမ်းမှတ်ရာများဖြင့် ထောက်ပံ့ပေးအပ်ကြရန် လိုအပ်ပါကြောင်းနှင့် ယခုပေးအပ်သည့် ထောက်ပံ့ငွေသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ်၊ တတိယ (၃)လပတ် (ဧပြီ၊ မေ၊ ဇွန်)လများ အတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၊ ဥက္ကဌ ဦးအောင်ကျော်အေး က ရှင်းလင်းပြောကြားသည်။

ဆိပ်ဖြူမြို့နယ်တွင် အသက် (၈၅) နှစ်အထက် ဘိုးဘွား စုစုပေါင်း (၄၈၆)ဦးအား ၂၀၂၀-၂၀၂၁ ဘဏ္ဍ ရေးနှစ်၊ တတိယ (၃)လပတ် (ဧပြီ၊ မေ၊ ဇွန်)လများ အတွက် ဘိုးဘွားတစ်ဦးလျှင် ကျပ် (၃၀၀၀၀/-)ဖြင့် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ငွေကျပ်စုစုပေါင်း(၁၄၅၈၀၀၀၀/-)ကို နိုင်ငံတော်

ထောက်ပံ့ပေးအပ်ကြောင်း သိရှိရသည်။

ကိုမျိုး(ယောဧရာ)