ချင်းရွှေဟော်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ချင်းရွှေဟော် စက်တင်ဘာ ၂၅

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) အား ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ် ဟေမာဝင်းတို့ဦးဆောင်ပြီး အောက်ပါအကြောင်းအရာများအား ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံတွင် တွေ့ကြုံနေရသော လူကုန်ကူးမှုအမျိုးအစားများဖြစ်သည့် အဓမ္မထိမ်းမြား လက်ထပ်မှု၊ ပြည့်တန်ဆာပြုမှု၊ အဓမ္မစေခိုင်းမှု၊ ကလေးသူငယ်လူကုန်ကူးခံရမှု၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေမှုစသည့် ပုံစံ()မျိုးကို တွေ့ရှိရပါသည်။ ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် အငှားကိုယ်ဝန်ဆောင်သော လူကုန်ကူးမှုပုံစံသစ်များကို ဖော်ထုတ်တွေ့ရှိခဲ့ရပါသည်။ လူကုန်ကူးမှု ပြဿနာသည် သာမန်မှုခင်းများနှင့်မတူဘဲ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ လုပ်ခလစာနည်းပါးမှု၊ အလုပ်အကိုင်အခွင့် အလမ်း အကန့်အသတ်ရှိမှု၊ သဘာဝဘေးအန္တာရာယ်နှင့် ငွေကြေးလဲလှယ်မှုနှုန်း တန်ဖိုးကွာခြားခြင်းတို့ကြောင့် ပြည်ပသို့တရားမဝင် ရွှေ့ပြောင်း သွားလာမှုစသည့် အကြောင်းအရာများသည် လူကုန်ကူးမှုကို အဓိကတွန်းအားဖြစ်စေသောကြောင့် လူကုန်ကူးမှုများ ပပျောက်စေရန် နိုင်ငံတော်မှ ဘက်ပေါင်းစုံကြိုးပမ်း ဆောင်ရွက်လျက် ရှိသော်လည်း သိသာစွာလျော့ပါးသွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေကြောင်းလူကုန်ကူးမှု များကိုကြည့်ပါက အိမ်နီးချင်းနိုင်ငံများကို လူကုန်ကူးခြင်းခံနေရသကဲ့သို့ ပြည်တွင်း တွင်လည်း လူကုန်ကူးမှုများ ဖြစ်ပွားနေကြောင်း တွေ့ရှိရပါသည်။ ပြည်ပနိုင်ငံများသို့ တရားဝင်/မဝင် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့် ပွဲစားများ၏မက်လုံးပေးစည်းရုံးခြင်း တို့ကြောင့် လူကုန် ကူးမှုဖြစ်ပွား လျက်ရှိသည်ကိုလည်း တွေ့ရှိရပါသည်။ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု ဖြစ်စဉ် များတွင် တိုက်ရိုက်လူကုန် ကူးခြင်းထက် တရားမဝင် သွားရောက်အလုပ် လုပ်ကိုင်ရာမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် လူကုန်ကူးခြင်း ခံနေရသည်ကို တွေ့ရှိရပါသည်။ လူကုန်ကူးမှုဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းပြုရန်အလို့ငှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း (သို့မဟုတ်) အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း၊ သွေးဆောင်ခေါ်ယူခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုခြင်းစသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ပြီး လူများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ခိုလုံခွင့်ပေးခြင်း(သို့မဟုတ်) လက်ခံခြင်းကို ဆိုလိုသည်။ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အရေးယူရန်ရှိသည့်အခါ ပြစ်မှုအင်္ဂါရပ်()ရပ်ဖြစ်သည့် လုပ်ဆောင်ချက်၊ နည်းလမ်း၊ ရည်ရွယ်ချက်တို့အား ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိလျင် အမျိုး သမီး၊ ကလေးသူငယ်နှင့် လူငယ်များအား လူကုန်ကူးပါက ယင်းဥပဒေပုဒ်မ-၂၄ အရ ထောင်ဒဏ်(၁၀)နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါသည်။ အရွယ်ရောက်ပြီး ယောကျ်ားများအား လူကုန်ကူးပါက ပုဒ်မ-၂၅ အရ ထောင်ဒဏ်()နှစ်မှ အများဆုံး ထောင်ဒဏ် (၁၀)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ လူကုန်ကူးမှုကျူးလွန်ရန် ပြင်ဆင်ခြင်း၊ အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ စည်းရုံးခြင်း၊ စီမံခန့်ခွဲခြင်း၊ အားပေးကူညီခြင်း၊ ငွေကြေးထောက်ပံ့ခြင်း ကျူးလွန်ကြောင်း စစ်ဆေး ပေါ်ပေါက်ပါက ပုဒ်မ-၃၂ တွဲ၍ အမှုဖွင့် အရေးယူရမည်ဖြစ်ပါသည်။ ထို့အတူ ပြစ်မှုကျူးလွန်သူ ()ဦးနှင့် အထက်ပါဝင်၍ ဂိုဏ်းဖွဲ့ကျူးလွန်ပါက ပုဒ်မ-၂၈ ဖြင့် အမှုဖွင့် အရေးယူပြီး ကျူးလွန်သည့် တရားခံအား အနည်းဆုံး ထောင်ဒဏ် (၂၀)နှစ်မှ ထောင်ဒဏ်တစ်သက်နှင့် ငွေဒဏ်ချမှတ် ရမည်ဖြစ်ပါသည်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်သော တိုင်းဒေသကြီး/ပြည်နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု လူကုန်ကူးမှု စောင့်ကြည့်ရေး အဖွဲ့များကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၀)စု၊ တပ်ဖွဲ့စိတ်(၆၀)စိတ်နှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စု()စု၊ တပ်ဖွဲ့စိတ်()စိတ်တို့ကို ဖွဲ့စည်းထားရှိပြီး ဖြစ်ကြောင်း စသည့် အကြောင်းအရာ များအား ဆွေးနွေးခဲ့သည်။

ချင်းရွှေဟော်မြို့ အမှတ်()လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် အနေဖြင့် လူကုန် ကူးမှုများ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ရေးအပိုင်းတွင် အခြေခံပညာကျောင်းများ၊ ပြည်သူလူထုများနှင့် မြန်မာ-တရုတ်နယ်စပ် နမ့်ဖာဟော် စစ်ဆေးရေးဂိတ်တွင် လူကုန်ကူးမှု ဆိုင်ရာ အသိပညာပေး ဆွေးနွေးမှုများပြုလုပ်၍ (မြန်မာ၊ ရှမ်း၊ ကိုးကန့်၊ '''') ဘာသာ()မျိုးဖြင့် ရိုက်နှိပ်ထားသော လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် အချိန်များ၌ နယ်မြေအလိုက် တာဝန်ခွဲဝေပေးထားသော တပ်ဖွဲ့ဝင်များမှ နယ်မြေအတွင်း ကွင်းဆင်း၍ လူကုန်ကူးမှု နှင့်ပတ်သက်သော သတင်းများရရှိစေရေးအတွက် သက်ဆိုင်ရာ ရပ်/ကျေးအဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူကုန်ကူးမှုများ လျော့နည်းကျဆင်းစေရန်အတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး မိမိတို့၏ပတ်ဝန်းကျင်တွင် လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် လူကုန်ကူးမှုဖြစ်ပေါ်လာပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပို့ တိုင်ကြားနိုင်ပါသည်-

၀၉-၄၉၅၅၅၆၆၆

၀၉-၄၉၅၅၅၇၇၇

၀၉-၄၉၅၅၅၈၈၈

၀၉-၄၉၅၅၅၉၉၉

၀၉-၈၈၁၁၂၂၅၅၅၊

၀၉-၈၈၁၁၂၂၆၆၆

၀၉-၈၈၁၁၂၂၇၇၇၊

၀၉-၈၈၁၁၂၂၈၈၈

၀၉-၈၈၁၁၂၂၉၉၉

၀၉-၄၄၀၂၅၁၇၂၉

မြန်မာနိုင်ငံသည် လူကုန်ကူးမှုများ၏ မူရင်းအစပြုနေရာဖြစ်ပြီး နစ်နာမှုများပြားခြင်းကြောင့် လူကုန်ကူးမှု တားဆီးကာကွယ်ခြင်းကို ပြည်သူလူထုတစ်ရပ်လုံးပါဝင်သော အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် နိုင်ငံသားအားလုံးက ပူးပေါင်းတိုက်ဖျက်သွားရန် လိုအပ်ပါသည်။

စည်သူမောင်မောင်(ပြန်/ဆက်)