သဲကုန်း စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူး ကြီးကျော်မြတ်သူ၊ပြည်ခရိုင်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဦးအောင်ဇော်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ ဌဦးယဉ်ထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအောင်ဝင်းထွန်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က သဲကုန်းမြို့နယ်၊ အင်းမမြို့၊ အင်းမ-ဆင်မြီးဆွဲလမ်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ကရင်ကုန်းကျေးရွာအုပ်စုရှိကျေးရွာ ပြည်သူများအား မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ "ပန်းခင်းစီမံချက်" ဖြင့်ကျေးရွာများ အရောက် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးနေမှုအား သွားရောက်ကြည့်ရှု့အားပေးခဲ့ရာ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝင်းထွဋ်က မြို့နယ် အတွင်း ပန်းခင်းစီမံချက် ဖြင့်နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ ကွင်းဆင်းပြုလုပ်ပေးနေမှု အခြေ အနေများကို ရှင်းလင်းပြောကြားခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ဝက်ပုတ်(အ.ထ.က) ဆောက်လုပ်နေမှု အားလည်းကောင်း၊ ပုတီးကုန်းမြို့အဝင်ဆီဆိုင် ဆောက်လုပ်နေမှုအား လည်းကောင်း၊ သဲကုန်းမြို့နယ် သူ့ဆေးရုံဝန်းအတွင်း အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ပြီးစီးမှု အခြေအနေ များအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် သဲကုန်းမြို့မရပ်ကွက်၊ လမ်းမတော်လမ်း ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ရောက်ရှိ၍ ရပ်ကွက်/ကျေးရွာ အုပ်စုစာရေးများနှင့် တွေ့ဆုံခဲ့ပြီး၊ ညောင်ကုန်း ကျေးရွာအုပ်စု၊ အထက(ခွဲ)အင်ပင်လှ စာသင်ကျာင်းဆောက် လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)