အင်းတော်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကျေးရွာများ သို့ အလှူငွေများ ပေးအပ်လှူဒါန်း

အင်းတော်  ဩဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများသို့ စစ်ကိုင်းတိုင်းဒေသကြီးလွတ်တော် ဒုတိယဥက္ကဌ ဦးဘိုးသန်းညွှန့်မှ အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ က အဆိုကျေးရွာများ တွင် အသီးသီးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးလွတ်တော် ဒုတိယဥက္ကဋ္ဌမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှသော ဂျုံးဂျုံးဂျကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ရေစင်တည်ဆောက်နေမှုအတွက် အလှူငွေ ကျပ် (၁၀) သိန်း၊ မအူကုန်းကျေးရွာ သံဖရိန်မဏ္ဍပ် ပြုလုပ်ရန်အတွက် အလှူငွေကျပ် ( ၈ ) သိန်း၊ အမက ကျောင်း သစ်ပုံလွင် ရေရရှိရေးလုပ်ငန်းအတွက် အလှူငွေ ( ၂ ) သိန်း၊ ခရမ်းစပ်ကုန်း စာသင်ကျောင်း ကျောင်း ဆောင်သစ် ဆောက်လုပ်နေမှုအတွက် အလှူငွေကျပ် ( ၁၀ ) သိန်း၊ အ-ထ-က မဲဇာကျောင်း အတွက် အလှူငွေကျပ် ( ၁၀ ) သိန်း၊ အ-မ-က မန်ဖာကျောင်း ရေရှိရေးလုပ်ငန်းအတွက်  အလှူငွေ (၁၀) သိန်း ကျပ်၊ ဝါးဖြူတောင်ကျေးရွာတွင် သံဖရိန်မဏ္ဍပ် ပြုလုပ်ရန် အတွက် အလှူငွေကျပ် ( ၁၀ ) သိန်း၊ ကို ကျေးရွာအသီးသီးသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်သီဟ