ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

 

ဆားလင်းကြီး     စက်တင်ဘာ  ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ၊ငါးလုပ်ငန်းများဦးစီးဌာနမှ ငါးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ငါးရိက္ခာဖူလုံစေရန် ရည်ရွယ်၍  ယနေ့ စက်တင်ဘာ     ၂၄ရက် နံနက်()နာရီအချိန်က ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စု ညောင်ပင်ကြီးကျေးရွာ၊ ငွေဇင်ယော်စက်လှေကူးတို့ဆိပ်တွင် ချင်းတွင်းမြစ်အတွင်းသို့ငါးမျိုး စိုက်ထည့်သည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ယင်းမာပင်ခရိုင်  ငါးသားဖောက်လုပ်ငန်းမှ (.)လက်မ အရွယ်ရှိ  ငါးမြစ်ချင်းကောင်ရေ (.)သိန်း စိုက်ထည့် ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ အခမ်းအနားသို့ ယင်းမာပင်ခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစန်းမော်နှင့် အဖွဲ့ဝင်များ ၊ခရိုင်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ရေးအဖွဲ့ဝင်များ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဒေါက်တာဥမ္မာသက်နှင့် ဝန်ထမ်းများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကိုနှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်၍ ငါးမျိုးများ စိုက်ထည့် ပေးခဲ့ကြောင်း သိရှိရသည်။

 

သန်းဌေး (သရက်)